အမေရိကန်မှာ အမှုရင်ဆိုင်ရမယ့် ဖက်တန်နယ်ဘုရင်

ဗီဒီယို ပုံစာ, ဖက်တန်နယ်ဘုရင်
အမေရိကန်မှာ အမှုရင်ဆိုင်ရမယ့် ဖက်တန်နယ်ဘုရင်
ရေးသားခဲ့သည်။

အမေရိကန် ပြည်ထောင်စုမှာ နှစ်စဉ် ဖက်တန်နယ် ဆိုတဲ့ မူးယစ်ဆေးဝါးကြောင့် သေဆုံးသူ ထောင်ပေါင်းများစွာ ရှိပါတယ်။ အဲဒီ မူးယစ်ဆေးဝါးတွေကို မက္ကဆီကို ကို ဖြတ်ပြီး အမေရိကန် ပြည်ထောင်စုထဲကို တင်သွင်းရာမှာ အဓိက ကျသူ တဦးကတော့ ဘေကျင်း တက္ကသိုလ် ဘွဲ့ရ ကျန်ကျိတုံး ဆိုသူ ဖြစ်ပါတယ်။ အစ်ကိုဝမ် သို့မဟုတ် ဖက်တန်နယ်ဘုရင်လို့လည်း ခေါ်ကြပါတယ်။ သူ့ကို အမေရိကန် ပြည်ထောင်စုမှာ ဖမ်းဆီးထားပြီး တရုတ်ပြည်က ဓာတုပစ္စည်း စက်ရုံတွေနဲ့ မူးယစ်ဆေးဝါး ဂိုဏ်းတွေကို ချိတ်ဆက်ပေးပြီး အမေရိကန် ပြည်ထောင်စုထဲကို မူးယစ်ဆေးဝါးတွေ သွင်းနေတဲ့ ရာဇဝတ်အင်ပါယာ တခုကို တည်ဆောက်နေသူလို့ စွပ်စွဲထားပါတယ်။ သူကတော့ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။ ဘီဘီစီက မူးယစ်ဂိုဏ်းသား တယောက်ကို ကမ္ဘာ့မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ အပေါ် ကျန်ကျိတုံးရဲ့ သက်ရောက်မှုတွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ခဲ့ပါတယ်။ ကိုရင်မောင်က ပြောပြမှာပါ။