ရုတ်တရက်ရေကြီးလို့ မာရသွန်အပြေးသမားတွေ ရေထဲဖြတ်ပြေးရ

ဗီဒီယို ပုံစာ, ရုတ်တရက်ရေကြီးလို့ မာရသွန်အပြေးသမားတွေ ရေထဲဖြတ်ပြေးရ
ရုတ်တရက်ရေကြီးလို့ မာရသွန်အပြေးသမားတွေ ရေထဲဖြတ်ပြေးရ
ရေးသားခဲ့သည်။

အမေရိကန်ပြည်ထောင်စုက နယူးယောက်၊ နယူးဂျာစီနဲ့ ကွန်နက်တီကပ်မှာ မိုးတွေသည်းသည်းမည်းမည်းရွာပြီး ရုတ်တရက်ရေတွေကြီးလာလို့ ကားတွေရေနစ်၊ တစ်ဝက်မာရသွန်ပြေးနေတဲ့ အပြေးသမားတွေလည်း ခါးလောက်နက်တဲ့ရေထဲ ဖြတ်ပြေးနေရတာတွေ့ရမှာပါ။ ကွန်နက်တီကပ်က တချို့နေရာတွေမှာ မိုးရချိန်က အချိန်တိုအတွင်း ၇ လက်မလောက်အထိ ရွာချခဲ့ပါတယ်။ လူထိခိုက်သေဆုံးမှုတော့ မရှိပါဘူး။ •

#ဘီဘီစီမြန်မာပိုင်း #ရာသီဥတု #ရေကြီးရေလျှံ #သဘာဝဘေး #အမေရိကန်