အာကာသထဲမှာ အမေရိကန် လက်နက်တပ်ဆင်
အာကာသထဲမှာ အမေရိကန် လက်နက်တပ်ဆင်
ရေးသားခဲ့သည်။
အမေရိကန် ပြည်ထောင်စုကို အာကာသထဲမှာ စစ်ပြင်နေတာတွေ ရပ်တန့်ဖို့ တရုတ်က တိုက်တွန်းလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စုက ကမ္ဘာပတ် လမ်းကြောင်းထဲမှာ လက်နက်တွေ တပ်ဆင်ထားပြီ ဖြစ်တယ်၊ ကမ္ဘာကို ပတ်နေကြပြီဆိုတဲ့ အကြောင်း ပထမဆုံးအကြိမ် အတည်ပြု ပြောကြားပြီးနောက်မှာ အခုလို တိုက်တွန်းလိုက်တာပါ။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အာကာသထဲ လက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်မှုနဲ့ ပတ်သက်လို့ သတိပေးပြောကြားခဲ့ပါတယ်။ ဂျွန်နဿန်ဘီးလ်ရဲ့ သတင်းကို ကိုကျော်ဇေယျ က ပြောပြမှာပါ။



