BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
တိုက်ရိုက်ထုတ်လွှင့်မှု, ပြည်ပကိုလုပ်သားပို့တဲ့အေဂျင်စီတွေကို စ သုံးလုံး ခေါ်စစ်
ပြည်ပရောက်လုပ်သားတွေ ပြည်တွင်းကို ငွေပြန်လွှဲရေး လုပ်သားပို့တဲ့အေဂျင်စီတွေကို စ သုံးလုံးက နေပြည်တော်မှာ ခေါ်စစ်တဲ့သတင်းအပါအဝင် မြန်မာ နဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
''တော်လှန်ရေးအောင်မြင်ဖို့ ... အမျိုးသမီးကိုယ်စားပြုမှုက အရေးကြီးတယ်'' - မဇူးပဒုမ္မာ (SCEF အတွင်းရေးမှူးအဖွဲ့၀င်)
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဖွဲ့စည်းတာ ၅ လကျော်လာချိန်မှာ အမျိုးသမီးကိုယ်စားလှယ်ပါဝင်မှုအခြေအနေ ဘယ်လိုရှိနေပြီလဲ။ နိုင်ငံရေးနဲ့ စစ်ရေးအဆုံးအဖြတ်ပေးနိုင်တဲ့နေရာတွေမှာ အမျိုးသမီးတွေ ပါဝင်ခွင့်ရနေပြီလား။
အာရုံစိုက်ခံလာရတဲ့ ထရမ့်ရဲ့ အနီးကပ်လက်ထောက် နာတာလီ ဟာ့ပ်
ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဂျွန် အော့ဆော့ဖ်က မိန့်ခွန်းတစ်ရပ်မှာ ထရမ့်နဲ့ အနီးကပ်ရှိနေတဲ့ အမျိုးသမီးလက်ထောက် နာတာလီဟာ့ပ် အကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။
နီပေါရေဘေး သေဆုံးသူ ၇၉၄ ဦးရှိ၊ မိုးနဲ့လမ်းပန်းကြောင့် ကူညီရှာဖွေရေးအခက်ကြုံ
နီပေါနဲ့ တိဗက်နယ်စပ်မှာဖြစ်ခဲ့တဲ့ ရုတ်တရက်ရေကြီးမှုကြောင့် နီပေါဘက်ခြမ်းမှာ သေဆုံးသူ ၇၉၀ ကျော်လာပြီး လူထောင်ချီ ပျောက်ဆုံးနေပါတယ်။ အင်အား ထောင်ချီသုံးပြီး ရှာဖွေကယ်ဆယ်ရေးလုပ်နေပေမဲ့ မိုးနဲ့လမ်းပန်းကြောင့် ကူညီရေးနဲ့ရှာဖွေရေးလုပ်ဖို့ ခက်ခဲနေပါတယ်။
ထိုင်းရောက်မြန်မာသန်းချီအတွက် စိုးရိမ်စရာဖြစ်လာတဲ့ ပြည်နှင်ဒဏ်စည်းမျဉ်းသစ်
ထိုင်းအစိုးရက ပြည်နှင်ဒဏ်ပေးနိုင်တဲ့ ပြစ်မှု ၆ မျိုးကိုလည်း ကြေညာလာပါတယ်။ အဲဒီပြစ်မှု ၆ မျိုးက ဘာတွေလဲ။ သန်းနဲ့ ချီရှိနေတဲ့ထိုင်းရောက် မြန်မာနိုင်ငံသားတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်လဲ။
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
ကရင်မှာ DKBA ဘာကြောင့် အင်အားကြီးလာလဲ
DKBA ရဲ့ သစ္စာ အဓိဋ္ဌာန် လေးရပ်မှာ "ကိုယ့်ကျင့်တရားကောင်းအောင် စောင့်ထိန်းပါမည်" ဆိုတဲ့တချက်ပါဝင်ပေမဲ့ ငွေလိမ်ဂိုဏ်တွေနဲ့အလုပ်တွဲလုပ်ရင်း အင်အားကြီးလာခဲ့ပါပြီ။
ဘုရင့်နောင် - အကျယ်ဆုံး မြန်မာ လက်နက်နိုင်ငံရှင်၊ ကမ္ဘာ့အမွေအနှစ် ခေါင်းလောင်းစာ ရေးထိုးခဲ့သူ
တပင်ရွှေထီးနဲ့ ဘုရင့်နောင်ခေတ်မှာ မွန်၊ မြန်မာ၊ ရှမ်းနဲ့ ထိုင်းယွန်း စတဲ့ လူမျိုးစုံကို စုစည်းပြီး လက်နက်နိုင်ငံကြီး ထူထောင်ဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း လူမျိုးစုချင်း သဟဇာတပေါင်းစည်းမှုထက် ပဒေသရာဇ် သစ္စာခံမှုအပေါ်ကို အားပြုတည်ဆောက်တဲ့ နိုင်ငံဖြစ်တာနဲ့ စစ်ဒဏ်ပိပြီး စိုက်ပျိုးကုန်သွယ်ရေးတွေမှာ အားမကောင်းတာတွေကြောင့် အင်္ဂလန်၊ ပြင်သစ် စတဲ့ ခေတ်ပြိုင် ဥရောပနိုင်ငံကြီးတွေလို အမျိုးသားနိုင်ငံအဆင့်ကို မြန်မာနဲ့ ပေါင်းသဟာယ ပြည်ထောင်များအဖြစ် မတက်လှမ်းနိုင်ဖြစ်ခဲ့ပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ထိုင်းခရီးက သူ့ရဲ့ သံတမန်ရေးအထီးကျန်မှုကိုချိုးဖျက်ပေးနိုင်ခဲ့လား
ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဉ်ဟာ နေပြည်တော်ရဲ့ အာဆီယံနဲ့ ဒေသတွင်းမှာ နိုင်ငံတကာဆက်ဆံရေးပြန်တည်ဆောက်ဖို့ကြိုးပမ်းနေချိန်နဲ့ ထိုင်းရဲ့ နယ်စပ်တည်ငြိမ်ရေးလိုအပ်ချက်တို့ တိုက်ဆိုင်နေချိန်မှာ ဖြစ်ပေါ်ခဲ့တာပါ။
NUG တရားရေးရဲ့ မစီရင်နိုင်သေးတဲ့အမှုတွေ
စစ်ကိုင်းတိုင်းအတွင်းက အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ဖြစ်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေဟာ တရားစီရင်ရေး ခေါင်းစဉ်အောက်မှာ တုံ့ဆိုင်းနေဆဲဖြစ်ပါတယ်။
နေပြည်တော်နဲ့အပြိုင် SCEF အင်ဂျင်ပါဝါတည်ဆောက်နိုင်မလား
နေပြည်တော်မှာ စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့တွေ့ဆုံချိန် SCEF ကလည်း နွေဦးတော်လှန်ရေးထဲပါဝင်နေဆဲ လက်နက်ကိုင်အဖွဲ့တချို့နဲ့ဆွေးနွေးလာတဲ့ နှစ်ဖက်အားပြိုင်မှု အခင်းအကျင်းက ပိုရုပ်လုံးပေါ်လာနေပါတယ်။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်



























































