ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တွေ့ဆုံခွင့်ရ

ဗီဒီယို ပုံစာ, ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တွေ့ဆုံခွင့်ရ
ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တွေ့ဆုံခွင့်ရ
ရေးသားခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဌာနေကိုယ်စားလှယ်တို့ သြဂုတ်လ ၃ ရက် ဒီနေ့မနက်ပိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ပေးတွေ့တယ်လို့ ထိုင်းဘက်ကပြောပေမဲ့ စစ်တပ်ဘက်တော့ ဒီအပေါ် အတည်မပြုပေးခဲ့ပါဘူး။ ဒါကြောင့် ဖမ်းဆီးခံထားရပြီးကတည်းက နိုင်ငံတကာအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့နဲ့ ဒီနေ့ပေးတွေ့တာ ပထမဆုံးအကြိမ်လို့ ယူဆရပါတယ်။ သတင်းအပြည့်အစုံကို ကိုဟိန်းကိုစိုးက ပြောပြမှာပါ။