သဘာဝသားရိုင်း လေ့လာသူတွေ ဘေးကင်းစေမယ့် ရေဒါ

ဗီဒီယို ပုံစာ, သဘာဝသားရိုင်းလေ့လာသူတွေ ဘေးကင်းစေမယ့် ရေဒါ
သဘာဝသားရိုင်း လေ့လာသူတွေ ဘေးကင်းစေမယ့် ရေဒါ
ရေးသားခဲ့သည်။

ကနေဒါနိုင်ငံမှာ သဘာဝသားရိုင်း တိရစ္ဆာန်တွေကို လေ့လာနေကြတဲ့ သိပ္ပံပညာရှင်တွေ ပိုမိုလုံခြုံမှုရှိစေမယ့် ရေဒါစနစ်တခုကို သုံးစွဲနေပါပြီ။ ရာသီဥတု ပြောင်းလဲမှုတွေကြောင့် အန္တရာယ်ပေးနိုင်တဲ့ တိရစ္ဆာန်တွေနဲ့ လူသားတွေ ပိုမို ထိတွေ့မှုတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ အေအိုင်နည်းပညာနဲ့ တိရစ္ဆာန်တွေ ချဉ်းကပ်လာတဲ့အခါ အနီးဝန်းကျင်မှာ ရှိနေကြသူတွေကို သတိပေးနိုင်ပြီ ဖြစ်ပါတယ်။ အဲဒီ ရေဒါနဲ့ ဝံပုလွေတွေ၊ ငှက်တွေသာမက ဝင်ရိုးစွန်း ဝက်ဝံကြီးတွေကိုပါ ထောက်လှမ်းနိုင်ပြီ ဖြစ်ပါတယ်။ ဘီဘီစီသတင်းထောက် ဟယ်ရီယက် ဟေးဝုဒ်ရဲ့ သတင်းကို ကိုဘိုဘိုက ပြောပြမှာပါ။