ULA/AA နဲ့ မီဇိုရမ် MCVOA နယ်စပ်ကုန်သွယ်ရေး စာချွန်လွှာ လက်မှတ်ထိုး
ULA/AA နဲ့ မီဇိုရမ် MCVOA နယ်စပ်ကုန်သွယ်ရေး စာချွန်လွှာ လက်မှတ်ထိုး
ရေးသားခဲ့သည်။
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟာခရိုင်မှာရှိတဲ့ မီဇိုရမ်လုပ်ငန်းသုံးယာဉ်ပိုင်ရှင်များအသင်း (Mizoram Commercial Vehicles Owners Association – MCVOA) တို့အကြား နယ်စပ်ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ ( MoU) လက်မှတ်ရေးထိုးခဲ့တယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ဘက်ကို စစ်တပ်ဘက်က ကုန်စည်စီးဆင်းမှုတွေ ပိတ်ထားချိန်မှာပဲ အခုလိုတွေဖြစ်လာတာပါ၊ ဒီနယ်စပ်ကုန်သွယ်မှုကနေ ရခိုင်ပြည်တွင်းကုန်စည်စီးဆင်းမှုကို ဘယ်လောက်ထိ အကျိုးသက်ရောက်မှု ရှိသွားနိုင်ပါလဲ။ မတာရာက ပြောပြပေးမှာပါ။



