BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
SCEF - အင်အားကြီးအဖွဲ့တွေစုဖွဲ့လာတဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ
နေပြည်တော်ကလွှတ်တော် ပြန်အသက်ဝင်နေချိန်မှာပဲ တော်လှန်ရေးအင်အားစုတွေရဲ့ အချိန်ကိုက်အရွေ့ တစ်ခုအဖြစ် “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ” ဆိုပြီး ပေါ်လာပါတယ်။
ဧပြီ ၄ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်- ပေါက်မြောက်ပိုင်း ရေနံမြေကို လေကြောင်းဗုံးကြဲလို့ ၆ ယောက်သေဆုံး
သမ္မတဖြစ်လာတဲ့ စစ်ခေါင်းဆောင်ကို ဝမ်းမြောက်ကြောင်း ရုရှား၊ တရုတ်နဲ့ ဘယ်လာရုစ်နိုင်ငံတွေက သဝဏ်လွှာပေးပို့ပြီး ဂျပန်နိုင်ငံကတော့ မြန်မာပြည်သူတွေအတွက် ဖိအားပေးတောင်းဆိုသွားမယ်ဆိုတဲ့ သတင်းအပါအဝင် ၂၀၂၆ ခုနှစ် ဧပြီ ၄ ရက် နိုင်ငံတဝန်းနဲ့ နိုင်ငံတကာ ထူးခြားသတင်းများ အနှစ်ချုပ်ကို တင်ဆက်ပေးသွားမှာပါ။
လျှို့ဝှက်ချက်တွေ ကိုင်ထားတဲ့ ထောက်လှမ်းရေးမှူးချုပ်ဟောင်း တပ်ချုပ်
"ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပန်ဒိုရာသေတ္တာကို ကိုင်ထားတဲ့သူ။ တပ်နဲ့အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ လျှို့ဝှက်ချက်တွေအကုန်သိထားတဲ့သူ" လို့ ထောက်လှမ်းရေးအကြီးအကဲဟောင်းတစ်ဦးတပ်ချုပ်ဖြစ်လာတဲ့အကျိုးဆက်ကို အငြိမ်းစားတပ်အရာရှိတစ်ဦးကပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သမ္မတအိပ်မက်ပြည့်ဝ
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သမ္မတဖြစ်လာတဲ့သတင်းအပါအဝင် ဧပြီ ၃ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
အီရန်စစ်မှာ တရုတ်ရဲ့ ကြားဝင်ကြိုးစားမှုက အလုပ်ဖြစ်မှာလား
အမေရိကန်နဲ့ အစ္စရေးတို့ အီရန်နဲ့ ခင်းတဲ့စစ်မှာ မထင်မှတ်ဘဲ ကြားဝင်ပေးသူ ဖြစ်လာတဲ့ ပါကစ္စတန်နဲ့ တရုတ် ပူးပေါင်းခဲ့ပါတယ်။ အပစ်ရပ်စဲရေးရပြီး ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရေးအတွက် တရုတ်နဲ့ ပါကစ္စတန် အာဏာပိုင်တွေက အချက်ငါးချက်ပါတဲ့ အစီအစဉ်ကို တင်ပြခဲ့ပါတယ်။
ရန်ကုန်ရင်ဆိုင်နေရတဲ့အသံတိတ်လူသတ်သမား
ခြောက်သွေ့ရာသီဖြစ်တဲ့ အောက်တိုဘာကနေ ဧပြီလဟာ ရန်ကုန်က လူ ၇ သန်းကျော် ရှူရှိုက်နေတဲ့လေထုရဲ့အရည်အသွေးကျဆင်းတဲ့အချိန်ဖြစ်ပါတယ်။
'အရိုးပြာ တိုက်ခန်း' လွတ်တွေမှာ မီးရှို့ရုပ်ကြွင်းသိမ်းဆည်းမှု တရုတ် တားမြစ်
သင်္ချိုင်းမြေလွတ် ရှားပါးတဲ့ တရုတ်ပြည်မှာ ရေပန်းစားလာတဲ့ 'အရိုးပြာ တိုက်ခန်း' တွေကို ဥပဒေသစ်က အဆုံးသတ်ဖို့ ရှိပါတယ်။
အီရန်စစ်ပွဲကြာလာရင် လေယာဥ်ခရီးစဥ်တွေ ဘယ်လိုပြောင်းလဲသွားမလဲ
ပင်လယ်ကွေ့ ဆုံရပ် လေဆိပ်တွေက ခရီးဝေးကို သွားကုန်ကျစရိတ်ကို သက်သာစေခဲ့ပါတယ်၊ အခုတော့ သူတို့ရဲ့ အနာဂတ်က ဘယ်လိုရှိနေပါပြီလဲ။
နန်းနီနီအေး- အာဏာသိမ်းစစ်တပ်ရဲ့အသွင်ပြောင်းအစိုးရက အမျိုးသမီးဒုသမ္မတ
အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေရဲ့ အရပ်ဘက်အသွင်ပြောင်း ဗဟိုအုပ်ချုပ်ရေးထဲမှာ အသက် ၅၇ နှစ်အရွယ် ကရင်တိုင်းရင်းသူ နန်းနီနီအေး က မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက်မှာ ပထမဆုံးအမျိုးသမီး ဒုတိယသမ္မတဖြစ်လာပါတယ်။
ကမ္ဘာတလွှား လောင်စာဆီစျေးကြီးမြင့်မှုကိုဘယ်လိုဖြေရှင်းနေလဲ
အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ကမ္ဘာတလွှား လောင်စာဆီအကျပ်အတည်း ဆိုက်နေပါတယ်။ ဒီအရေးဖြေရှင်းမှု တစ်စိတ်တစ်တစ်ပိုင်းအနေနဲ့ ကိုဗစ်ကပ်ဘေးကာလတုန်းက ကမ္ဘာတလွှားကျင့်သုံးခဲ့တဲ့ နေအိမ်ကနေအလုပ်လုပ်တာမျိုးလို Work From Home အစီအစဉ်ကို မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်တို့မှာ ချမှတ်တာနဲ့ အကြံပြုတာတွေ လုပ်နေပါတယ်။
ထရမ့် မျက်စိကျနေတဲ့ အီရန်ပိုင် ခါ့ကျွန်းကို အမေရိကန် သိမ်းဖို့ ကြိုးပမ်းနိုင်ခြေ
ခါ့ကျွန်းက အီရန်ရေနံတွေ အဓိကပို့တဲ့စခန်းကြီးဖြစ်ပြီး ရေနံစည် ၂ သန်းလောက် တင်ဆောင်နိုင်တဲ့ ရေနံစိမ်းတင်သင်္ဘောကြီးတွေ ကမ်းကပ်လို့ ရတဲ့အထိ ရေစူးနက်တဲ့ကမ်းလွန်မှာ တည်ရှိပါတယ်။ အီရန်ရဲ့ ရေနံပို့ကုန် ၉၀ ရာခိုင်နှုန်းကျော်ကလည်း ဒီကျွန်းကို ဖြတ်သန်းသွားပါတယ်။
စက်သုံးဆီအတွက် နွေအပူအောက် အသက်နဲ့ ကျန်းမာရေးပါ ရင်းနေရပြီလား
အန္တရာယ်ရှိတဲ့နွေအပူချိန်အောက်မှာ စက်သုံးဆီရဖို့ တန်းစီရင်း မူးလဲသူတွေရှိသလို ဆီတန်းစီရာကနေ ပြန်လာပြီးနောက် အသက်ဆုံးပါးတဲ့ဖြစ်စဉ်အချို့လည်း ရှိလာပါတယ်။ ဒါပေမဲ့ အီရန်စစ်ပွဲ အရှိန်မကျသေးလို့ ဒီနောက်ဆက်တွဲ ဂယက် ပြည်တွင်းက စက်သုံးဆီရရှိဖို့ တန်းစီရတဲ့ဒုက္ခက ပြီးဆုံးမယ့်ပုံ မပေါ်သေးပါဘူး။ မဖြစ်မနေ ဆီတန်းစီရတဲ့အခါ ကျန်းမာရေးအတွက် ဘာတွေ သိထားသင့်ပါသလဲ။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်
အထူးစာမျက်နှာ
၂၀၂၅ မြန်မာရွေးကောက်ပွဲ
ဦးအောင်လင်းဒွေး - အမိန့်နာခံသူ ဗိုလ်ချုပ်ကြီး
ဦးအောင်လင်းဒွေးကို တိုင်းပြည်ရဲ့ နံပါတ် ၅ ရာထူးကို ပေးလိုက်တာက အမိန့်နာခံတတ်တဲ့ နောက်လိုက်တစ်ယောက်ကို စစ်ခေါင်းဆောင်ရဲ့ စောင်မကြည့်ရှုမှုလည်းဖြစ်သလို မပြီးပြတ်သေးတဲ့တာဝန်တစ်ခုပေးလိုက်တာလည်းဖြစ်ပါတယ်။
ဦးခင်ရီပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာခြင်းရဲ့နောက်ကွယ်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က ရဲချုပ်ဟောင်းဖြစ်တဲ့ အငြိမ်းစားဗိုလ်မှူးချုပ်ခင်ရီ ဦးခင်ရီပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာခြင်းက စစ်တပ်ကလုပ်ပေးတဲ့ဒီမိုကရေစီအပြောင်းအလဲဟာ စစ်ဗိုလ်ချုပ်တွေလက်ထဲက မလွတ်သေးကြောင်း အကောင်းဆုံး သက်သေပဲ ဖြစ်ပါတယ်။
တပ်ချုပ်နေရာဆက်ခံမယ့်သူ ကြည်းချုပ်လား၊ ညှိကွပ်လား
ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အာဏာသိမ်းကာလ ၅ နှစ်လုံးအနီးကပ်နေခဲ့သူဖြစ်ပြီး ဗိုလ်ချုပ်ကြီးကျော်စွာလင်းကတော့ တပ်ပိုင်းဆိုင်ရာကိုပဲ သီးသန့်တာဝန်ယူခဲ့သူဖြစ်ပါတယ်။
တပ်နဲ့ ကြံ့ခိုင်ရေး အာဏာခွဲဝေရေး ဆွေးနွေးမှုတချို့ စတင်
USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ နေပြည်တော်မှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တွေ့ဆုံခဲ့တယ်လို့ နေပြည်တော်က ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ကြိုတင်မဲတွေက အဆုံးအဖြတ်ဖြစ်ခဲ့သလား
အပိုင်း ၃ ပိုင်းနဲ့ကျင်းပခဲ့တဲ့စစ်တပ်ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေကြောင့် အနိုင်အရှုံးသိသာခဲ့တာက စစ်တပ်ထိန်းချုပ်တဲ့ မြို့နယ် ၃ ခုမှာပဲ ပြုလုပ်နိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက မဲဆန္ဒနယ်တွေမှာ ဖြစ်ပါတယ်။
စစ်တပ်နဲ့ NUG တို့လှမ်းလာတဲ့ အကြံပေးကောင်စီတွေ
အာဏာသိမ်း ၅ နှစ်ပြည့်ချိန် ဖေဖော်ဝါရီလမှာရွေ့လာတဲ့ နိုင်ငံရေးအခင်းအကျင်းအရ အခုနှစ်ထဲ စစ်တပ်ရောတော်လှန်ရေးမှာပါ လွှတ်တော်၊ အစိုးရ၊ ကောင်စီဆိုတဲ့ အလွှာသုံးခု စင်ပြိုင်ရှိမယ့် သဘောတွေ့နေရပါတယ်။
အတိုင်ပင်ခံကောင်စီ - သမ္မတလုပ်ပိုင်ခွင့်ကို ကြိုတင်ပြဋ္ဌာန်းခြင်း
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို သမ္မတက ဖွဲ့စည်းပေးရမှာဖြစ်ပြီး ဒီအဖွဲ့မှာ စစ်ကော်မရှင်အဖွဲ့ဝင်တွေနဲ့ အာဏာသိမ်းစစ်အုပ်ချုပ်ရေးမှာပါဝင်ခဲ့တဲ့ စီနီယာအရာရှိကြီးတွေ ပြန်ပါလာနိုင်တယ်လို့ နေပြည်တော်မှာ ခန့်မှန်းသုံးသပ်နေကြပါတယ်။
အစိုးရသစ်ကာလအထိ ဘာကြောင့် စစ်အုပ်ချုပ်ရေးသက်တမ်းတိုးသလဲ
စစ်ကော်မရှင်ဟာ လွှတ်တော်အစည်းအဝေးတွေ ကျင်းပဖို့ ပြင်ဆင်နေပြီး တပြိုင်နက်တည်းမှာပဲ မြို့နယ်ပေါင်း ၆၃ ခုကို စစ်အုပ်ချုပ်ရေးသက်တမ်း ဆက်တိုးထားပါတယ်။
NLD မပါတဲ့ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ဘယ်လိုနိုင်ခဲ့လဲ
NLD ပါတီနဲ့ လူထုထောက်ခံမှုရှိတဲ့ပါတီတချို့ ဖျက်သိမ်းခံထားရပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံနိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချထားချိန်မှာ ကျင်းပလို့ ဒီရွေးကောက်ပွဲကို ကြံ့ခိုင်ရေးကပဲ အနိုင်ရခဲ့တာလို့ ရွေးကောက်ပွဲလေ့လာ သူတွေကပြောပါတယ်။
အဖြေမရတဲ့ ရွေးကောက်ပွဲ အငြင်းပွားမှုတွေ
ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ ပြီးသွားပေမဲ့ နောက်ဆက်တွဲအငြင်းပွားမှုတွေနဲ့ အားနည်းချက်တွေ ကျန်နေခဲ့ပါတယ်။ အပိုင်း ၁ တုန်းက ဖြစ်ခဲ့တဲ့အငြင်းပွားမှုတွေက အပိုင်း ၂ အထိလည်း ဆက်ဖြစ်ခဲ့ပြီး ဖြေရှင်းပြင်ဆင်နိုင်ခဲ့တာမရှိဘူးလို့ နိုင်ငံရေးပါတီတွေက ညည်းညူနေကြပါတယ်။
ရွေးကောက်ပွဲရှုံးတဲ့ နာမည်ကြီးတွေ
ကြံ့ခိုင်ရေးပါတီ နေရာအများစုနိုင်မယ်လို့ ခန့်မှန်းထားကြတဲ့ ရွေးကောက်ပွဲမှာ မထင်မှတ်တဲ့ ရလဒ်တချို့လည်း ထွက်ပေါ်လာခဲ့ပြီး နာမည်ကြီးနိုင်ငံရေးသမားတချို့ရှုံးပွဲတွေ့သွားပါတယ်။
စစ်တပ်စင်တင်လွှတ်တော်နဲ့ CRPH ဘယ်လိုအားပြိုင်မလဲ
အာဏာသိမ်း ၅ နှစ်အလွန်မှာ လွှတ်တော်ကိုယ်စားပြုကော်မတီဖြစ်တဲ့ (CRPH) ကဘယ်လိုရပ်တည်မလဲ၊ တဖက်မှာလည်း စစ်တပ်ဟာ ရွေးကောက်ပွဲအလွန်မှာ လွှတ်တော်ခေါ်မှာဖြစ်တာကြောင့် စင်ပြိုင်လွှတ်တော်ဖြစ်လာမှာလား... ဆိုတဲ့ မေးခွန်းတွေ နိုင်ငံရေးစောင့်ကြည့်သူတွေကြား အပြောများလာပါတယ်။
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
လက်လှမ်းမမီတော့တဲ့ နိုင်ငံတော်အလှကုန်တွေ
လွန်ခဲ့တဲ့ငါးနှစ်တုန်းက မြန်မာ့လူငယ်တွေဟာ ခေတ်မီအလှကုန်တွေကို နိုင်ငံတကာမှာ နာမည်ကျော်ကြားတာနဲ့ တပြေးညီဝယ်ယူသုံးစွဲနိုင်ခဲ့ကြခဲ့ပေမဲ့ အခုတော့ ငွေကြေးတတ်နိုင်သူလူတစ်စု အတွက် ဇိမ်ခံအလှကုန်တွေဖြစ်လာပါတယ်။
ပဲခူးစစ်ရေး - စစ်တပ် ဖိအားပေး ထိုးစစ်ဆင်နေတဲ့နတ်တလင်း
ပဲခူးရိုးမကို အခြေစိုက်တော်လှန်ရေးအဖွဲ့တွေ အားကောင်းလာတာကြောင့် စစ်တပ်ဟာ ပဲခူးတိုင်းအတွင်း စစ်ရေးဖိအားပိုတိုးလုပ်လာပါတယ်။ ပဲခူးတိုင်းအနောက်ဘက်ခြမ်းက ရန်ကုန်- ပြည်လမ်းပေါ်က နတ်တလင်းမြို့က လတ်တလောမှာ စစ်ရေးဖိအားပေးခံနေရပါတယ်။
မြန်မာအီလက်ထရောနစ်ပတ်စ်ပို့ - ပြည်ပထွက်ခွာသွားလာခွင့်ကို ထိန်းချုပ်မယ့်ဥပဒေသစ်လား
မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေသစ်က လူထုရဲ့ နိုင်ငံရပ်ခြားထွက်ခွာခွင့်နဲ့ သွားလာခွင့်တွေအပေါ် သက်ရောက်မှုရှိလာမယ်လို့ လူ့အခွင့်အရေးနဲ့ ဥပဒေကြောင်းဆိုင်ရာ နားလည်တတ်ကျွမ်းသူတွေက သုံးသပ်ကြပါတယ်။
တရုတ်လက်ချက်လို့ ပုံဖော်ခံရတဲ့ ရှမ်းမြောက်က မဟာမိတ်နှစ်ဖွဲ့ ပဋိပက္ခ
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာတဲ့ လွှတ်တော်နဲ့ အစိုးရသစ်ပေါ်လာမယ့်ကာလမှာ ရှမ်းမြောက်ဒေသမှာ ကိုးကန့်တပ် (MNDAA) နဲ့ တအာင်းတပ် (TNLA) ကြား စစ်ရေးပဋိပက္ခ ပေါ်ပေါက်လာပါတယ်။
ဗြိတိန်-မြန်မာ ပညာရေး- မန္တလေးခေတ်မှ နွေဦးခေတ်ထိ ဘိလပ်ပြန်များနဲ့ မြန်မာလူ့အဖွဲ့အစည်း
ကိုလိုနီခေတ်မှာ နန်းရင်းဝန် ဝန်ကြီးချုပ် အဖြစ် ဆောင်ရွက်ခဲ့သူလေးဦးအနက် ဂဠုန်ဦးစောက လွဲပြီး ကျန်တဲ့ သုံးဦးလုံးဟာ ဗြိတိန်မှာ ဝတ်လုံပညာသင်ခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။ မြန်မာပြည် လွတ်လပ်ရေး ရပြီးနောက် သမ္မတအဖြစ် ထမ်းဆောင်ခဲ့သူ သုံးဦးမှာလည်း ဗြိတိသျှတပ်မှာ ထမ်းဆောင်ခဲ့တဲ့ ရှမ်းစော်ဘွားကြီးတဦးနဲ့ ဗြိတိန်မှာ ဝတ်လုံပညာသင်ပြီး ဗြိတိသျှခေတ် ဟိုက်ကုတ်တရားဝန်ကြီးတဦး ပါဝင်ပါတယ်။






































































