ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗင်နီဇွဲလားမှာ ငလျင်ကြီး ၂ ကြိမ်လှုပ်
ဗင်နီဇွဲလားမှာ အင်အားပြင်း ငလျင်ကြီး ၂ ကြိမ်လှုပ်ခတ်သွားခဲ့ပြီးနောက် သမ္မတ ဒဲလ်ဆီ ရော့ဒ်ဒရီးဂတ်စ်က အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ လက်ရှိအချိန်အထိ ငလျင်ကြောင့် သေဆုံးသူ ၁၆၀ ကျော် ရှိပြီး နောက် ထပ် လူ ၁၀၀၀ ကျော် ဒဏ်ရာ ရရှိထားပါတယ်။ ဒီအရေအတွက်တွေက ဆက်ပြီး တိုးလာနိုင်ဖွယ်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပြိုလဲကျနေတဲ့ အဆောက်အအုံတွေအောက်မှာ ပိတ်မိနေသူတွေကို အရေးပေါ် အဖွဲ့အစည်းတွေနဲ့ ဒေသခံ စေတနာ့ဝန်ထမ်းတွေကလည်း တတ်နိုင်သမျှ ကြိုးစားကယ်ဆယ်နေကြပါတယ်။ ပျောက်ဆုံးနေသူတွေ အတွက်လည်း သူတို့ရဲ့ မိသားစုနဲ့ ဆွေမျိုးတွေမှာ အလွန်အမင်း စိုးရိမ်နေကြပါတယ်။ ဘူမိဗေဒပညာရှင်တွေရဲ့ အဆိုအရ ငလျင်ကြီးတွေရဲ့ ပြင်းအားဟာ ၇.၂ နဲ့ ၇.၅ အသီးသီးရှိပါတယ်။ ကိုရင်မောင်က ပြောပြမှာပါ။