ဧရာဝတီဘဏ် သုံးစွဲသူတွေရဲ့ အချက်အလက်တွေ ဟက်ကာအဖွဲ့ရသွား

ဧရာဝတီဘဏ် သုံးစွဲသူတွေရဲ့ အချက်အလက်တွေ ဟက်ကာအဖွဲ့ရသွား
ရေးသားခဲ့သည်။

ပြည်တွင်းမှာ လူအသုံးများတဲ့ ပုဂ္ဂလိကဘဏ်တွေထဲက တစ်ခုဖြစ်တဲ့ ဧရာဝတီဘဏ် (AYA Bank) အကောင့်သုံးစွဲသူတွေရဲ့အချက်အလက်တွေကို LAPSUS$ GROUP လို့ခေါ်တဲ့ နာမည်ကြီး ဟက်ကာအဖွဲ့က ရသွားခဲ့ပါတယ်။ ဧရာဝတီဘဏ်အနေနဲ့ သူတို့ကို ဆက်သွယ်ညှိနှိုင်းမှုတွေ မလုပ်ရင် ဒီအချက်အလက်တွေကို Dark Web လို့ခေါ်တဲ့ မသမာသူတွေအသုံးပြုတဲ့နေရာတွေမှာ ရောင်းချသွားမယ်လို့လည်း အဲဒီအဖွဲ့က ခြိမ်းခြောက်ထားပါတယ်။ ဘဏ်ဘက်ကတော့ စိုးရိမ်စရာမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။ ဘယ်လိုအချက်အလက်တွေ ပေါက်ကြားသွားတာပါလဲ၊ ဒီအပေါ် သုံးစွဲသူတွေရဲ့ စို;ရိမ်မှုက ဘယ်လိုရှိပါသလဲ။ ဒီအကြောင်း ကိုမြင့်လွင်က ပြောပြပေးပါမယ်။