အပူလှိုင်းဖြတ်မယ်ဆိုလို့ အဲယားကွန်းလုဝယ်ရင်း ရန်ဖြစ်ထိုးကြိတ်
အပူလှိုင်းဖြတ်မယ်ဆိုလို့ အဲယားကွန်းလုဝယ်ရင်း ရန်ဖြစ်ထိုးကြိတ်
ရေးသားခဲ့သည်။
ပြင်သစ်မှာ အပူလှိုင်းထပ်ဖြတ်မယ်လို့ သတိပေးချက်ထွက်လာပြီးတဲ့နောက် ဆိုင်တွေမှာ ပန်ကာတွေ၊ အဲယားကွန်းတွေ အလုအယက်ဝယ်ယူတာတွေ ဖြစ်လာပါတယ်။ အခု တွေ့ရမှာကတော့ ပါရီမြို့က လျှော့စျေးနဲ့ရောင်းပေးတဲ့ စတိုးဆိုင်တစ်ခုမှာ လူရာချီပြီး မနက်အစောကတည်းက လာတန်းစီစောင့်ဆိုင်းနေကြပြီး ဆိုင်ဖွင့်ချိန် တိုးဝှေ့လုယက်ဝယ်ရင်း တွန်းထိုးရန်ဖြစ်ကြတာပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်ပိုင်းက ဥရောပတလွှား အပူဒဏ်တွေ သိသိသာသာတိုးမြင့်ခဲ့ပြီး အခုလာမယ့်ရက်ပိုင်းမှာလည်း ပြင်သစ်မှာ ၄၄ ဒီဂရီအထိရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #ပြင်သစ် #ရာသီဥတု #အပူလှိုင်း


