ဂရိမှာ တောမီးဘေးက မြင်းတွေထွက်ပြေး
ဂရိမှာ တောမီးဘေးက မြင်းတွေထွက်ပြေး
ရေးသားခဲ့သည်။
အေသင်မြို့ အနောက်မြောက်ဘက်က ကန်ဒီလီဒေသမှာ သြဂုတ် ၃ ရက်နေ့က တောမီးတွေနီးကပ်လာတဲ့အချိန် မြင်းတစ်အုပ် လွတ်ရာကို ထွက်ပြေးနေကြတာကို တွေ့ရမှာပါ။ ဒီမြင်ကွင်းကို ရိုက်ယူခဲ့တဲ့ ဒေသခံမီဒီယာကတော့ မြင်းတွေ အန္တရာယ်မရှိခဲ့ဘူးလို့ ပြောပါတယ်။
ဂရိနိုင်ငံနေရာ အတော်များများမှာတောမီးတွေလောင်နေပြီး မီးငြှိမ်းဖို့ကြိုးစားတဲ့ ရဟတ်ယာဥ်နှစ်စင်းလည်း တိုက်မိလို့ တစ်စင်းပျက်ကျပြီး လူနှစ်ဦးအသက်ဆုံးခဲ့ပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #ဂရိ #တောမီး #သဘာဝဘေး



