ရှစ်ရက်ကြာပြီးမှ အုတ်ပုံအောက်က ကယ်ထုတ်နိုင်ခဲ့သူ
ရှစ်ရက်ကြာပြီးမှ အုတ်ပုံအောက်က ကယ်ထုတ်နိုင်ခဲ့သူ
ရေးသားခဲ့သည်။
ဗင်နီဇွဲလားမှာ လှုပ်သွားတဲ့ငလျင်ကြီးတွေကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦအောက်က အမျိုးသားတစ်ဦးကို ရှစ်ရက်အကြာမှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ဟာနန်ဂင်းလ်ဟာ သူ လုံခြုံရေးအဖြစ်အလုပ်လုပ်တဲ့ စျေးရုံကြီးပြိုကျတော့ အောက်မှာ ပိတ်မိနေခဲ့တာပါ။ သူ ရှိနေကြောင်း ရှာဖွေရေးတွေက တွေ့ရှိခဲ့အပြီး နာရီ ၁၀၀ ကျော်အကြာမှ တန် ၁၄၀ ကျော်အုတ်ပုံကြီးအောက်က ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဇွန် ၂၄ က ဆက်တိုက်လှုပ်သွားတဲ့ ငလျင်ကြီးနှစ်ခုကြောင့် အခုဆို လူ ၂၃၀၀ နီးပါး အသက်ဆုံးခဲ့ပြီး သောင်းချီပျောက်ဆုံးနေပါသေးတယ်။
#ဘီဘီစီမြန်မာပိုင်း #ဗင်နီဇွဲလား #ငလျင်



