ခရီးသည်ရထားက ကောက်ရိုးထုံးတွေတင်လာတဲ့ကားကို ဝင်တိုက်
ခရီးသည်ရထားက ကောက်ရိုးထုံးတွေတင်လာတဲ့ကားကို ဝင်တိုက်
ရေးသားခဲ့သည်။
ပိုလန်မှာ သံလမ်းပေါ်ရပ်ထားတဲ့ နောက်တွဲကားတစ်စီးကို ခရီးသည်တင်ရထားက ဝင်တိုက်ခဲ့တာကို စီစီတီဗီရုပ်သံကနေတွေ့ရတာပါ။ ကောက်ရိုးထုံးတွေတင်လာတဲ့ကားကို မောင်းသူဟာ မူးနေပြီး အချက်ပြမီးတွေလင်းနေတဲ့ကြား၊ သံလမ်းတံခါးတွေ စပိတ်နေတဲ့ကြားမှာ ကားကို သံလမ်းပေါ်ရပ်လိုက်တာပါ။ လူထိခိုက်ဒဏ်ရာရတာမရှိခဲ့ပေမဲ့ ရထားပေါ်ပါလာသူ ၅၀၀ ရဲ့ အသက်အန္တရာယ်ရှိသွားနိုင်တယ်လို့ အရာရှိတွေက ပြောပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #ပိုလန် #ရထားနဲ့ကားတိုက်မှု



