“အမေစုရဲ့ ၈၁ နှစ်မြောက်မွေးနေ့မှာ ကိုထိန်လင်းရဲ့ Proof
of Life ကမ်ပိန်းကို ထောက်ခံတဲ့ အနေနဲ့ရော အမေစုကိုမတွေ့ရသေးတာကို
ဝမ်းနည်းတဲ့အနေနဲ့ရော လုပ်ဖြစ်တာပါ။ သံရုံးဘက်ကတော့ ဘာမှတုံ့ပြန်သေးပါဘူး” လို့ အစာငတ်ခံဆန္ဒပြရာမှာ
ပါဝင်နေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒီနေ့ လန်ဒန်အချိန် နေ့လယ် ၁၂ နာရီခွဲမှာလည်း ပါလီမန်အဆောက်အဦကိုသွားပြီး
Proof of Life တောင်းဆိုချက်တွေကို တောင်းဆိုသွားမယ်လို့
Free Daw Aung San Suu Kyi နာမည်နဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာထားပါတယ်။