ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေကိုယ်စားလှယ်နဲ့ ပေးတွေ့တယ်လို့ နေပြည်တော်ထုတ်ပြ

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Arnaude de Baqque က သွားရောက်တွေ့ဆုံခဲ့တယ်ဆိုပြီး နေပြည်တော်က ဒီကနေ့ သြဂုတ် ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
'' ဒီနေ့မနက်တွေ့တာဖြစ်ပါတယ်''လို့ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အဲဒီတွေ့ဆုံမှုသတင်းဓာတ်ပုံနဲ့ အတူ ဇွန် ၁၉ ရက် မွေးနေ့က အမှတ်တရ ဓာတ်ပုံနှစ်ပုံပါ ပူးတွဲပြီး ထုတ်ပြန်တာကိုလည်း တွေ့ရပါတယ်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကတော့ ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမတွေ့ရသေးပေမဲ့ ဘီဘီစီကိုအတည်ပြုပြောပါတယ်။
ဇွန် ၁၉ ရက်က မွေးနေ့ ဓာတ်ပုံနဲ့ပတ်သက်လို့တော့ ဘီဘီစီက သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
တဖက်မှာလည်း အာဆီယံနဲ့ မြန်မာ့အရေးအထူးသံ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇရိုက ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြားတွေ့ဆုံခွင့်တောင်းထားသလို နေပြည်တော်ရဲ့ အာဆီယံအစည်းအဝေးတွေပြန်တက်နိုင်ရေးဟာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ သက်ဆိုင်တယ်လို့ပြောနေကြတာဖြစ်ပါတယ်။


