ငါးနှစ်ပြည့်မယ့် NUG မှာ ဘယ်လိုအပြောင်းအလဲတွေ တွေ့ရမလဲ

ဗီဒီယို ပုံစာ, ငါးနှစ်ပြည့်မယ့် NUG မှာ ဘယ်လိုအပြောင်းအလဲတွေ တွေ့ရမလဲ
ငါးနှစ်ပြည့်မယ့် NUG မှာ ဘယ်လိုအပြောင်းအလဲတွေ တွေ့ရမလဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဖွဲ့စည်းခဲ့တာ ဧပြီ ၁၆ ရက်ဆို ငါးနှစ်ပြည့်ပါပြီ။ မြန်မာပြည်စစ်အာဏာသိမ်းမှုတွေမှာ ပေါ်ပေါက်လာတဲ့တော်လှန်ရေးတပ်တွေထဲ ခုလောက် အားကောင်းတဲ့ ဗမာ တိုင်းရင်းသားအများစု စုစည်းတဲ့ တော်လှန်ရေးတပ် မရှိခဲ့ဖူးပါဘူး။ NUG အောက်ကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပြီး မြန်မာပြည်အလယ်ပိုင်းက ဒေသတချို့မှာ ထိန်းချုပ်နယ်မြေတွေလည်း ရရှိခဲ့ပါတယ်။ လိုအပ်ချက်တွေနဲ့ ဝေဖန်မှုတွေလည်းကြုံနေရတဲ့ NUG အစိုးရအဖွဲ့ ငါးနှစ်ပြည့်ချိန်မှာ ဘယ်လိုအပြောင်းအလဲတွေ တွေ့လာရနိုင်ပါသလဲ။ အပြည့်အစုံကို မစန္ဒာဝင်းက ပြောပြပေးပါမယ်။