ဟူသီ နဲ့ ဆော်ဒီ အပြန်အလှန်တိုက်ခိုက်မှု ကြောင့် စိုးရိမ်မှု မြင့်တက်
အီရန်နဲ့ စစ်ပွဲ အဆုံးသတ်ဖို့ နီးစပ်နေပြီလို့ မျှော်လင့်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ပြောကြားပါတယ်။ ဒါပေမဲ့ အီရန် ပဋိပက္ခ ၇ လတာ အချိန်ထဲ ရောက်လာချိန်မှာပဲ အရှေ့အလယ်အပိုင်းမှာ တင်းမာမှုတွေက ပိုမြင့်တက်လာပါတယ်။ ဆော်ဒီက ယီမင်ထဲက ဟူသီသူပုန်တွေကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက် နေသလို၊ ဟူသီတွေဘက်ကလည်း ဆော်ဒီအာရေဗျရဲ့ မြို့တွေကို ဒုံးကျည်တွေ ဒရုန်းတွေနဲ့ ပြန်လည် တိုက်ခိုက်နေပါတယ်။ အီရန် ကျောထောက်နောက်ခံ ပေးထားတဲ့ ဟူသီ သူပုန်အဖွဲ့ဟာ ယီမင်ထဲမှာ ထိုးစစ်ဆင်နေပြီး၊ ပင်လယ်နီ ကမ်းရိုးတန်း တလျှောက်မှာ နယ်မြေ ထိန်းချုပ် နိုင်မှုတွေလည်း ရှိလာပါတယ်။ ဆော်ဒီရဲ့ အရှေ့ အနောက် ဆက်သွယ် ထားတဲ့ ရေနံပိုက်လိုင်းကို ထိခိုက် ပျက်စီးစေတဲ့ အထိ တိုက်ခိုက်မှုတွေ မြင့်တက်လာတာကြောင့် ကမ္ဘာ့ ရေနံ ထောက်ပံ့ရေးလမ်းကြောင်းအတွက် စိုးရိမ်မှုတွေ မြင့်တက်လာစေပါတယ်။ ဘီဘီစီ သတင်းထောက် ဖရန့် ဂါဒနာ ရဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြပေးထားပါတယ်။



