ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် ဘယ်နေရာမှာ ရှိနေလဲ လူတွေ မေးခွန်းထုတ်
ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ထားတဲ့ နေအိမ်ကို ရွှေ့ပြောင်း ပေးလိုက်တယ်လို့ နေပြည်တော်ဘက်က မနေ့က သတင်းထုတ်ပြန်ခဲ့ပေမဲ့ ဘယ်နေရာမှာ ထားတယ် ဆိုတာ အကိအကျ ထုတ်ပြန်ခဲ့တာမျိုး မရှိတာကြောင့် လူတွေအကြား မေးခွန်းတွေ ဆက်ရှိနေပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ အဲဒီနှစ် မေလ တုန်းက တရားခွင်မှာ တရားရင်ဆိုင်နေတဲ့ ဓာတ်ပုံကို ထုတ်ပြန်ခဲ့ဖူးပါတယ်။ မနေ့က ဧပြီလ ၃၀ ရက်နေ့မှာ နေရာ ပြောင်းရွှေ့တဲ့ အကြောင်း နောက်တစ်ကြိမ် ဓာတ်ပုံ ထုတ်ပြန်လာတာကြောင့် ၅ နှစ်ကျော် အတွင်းမှာ နှစ်ကြိမ်သာ တွေ့မြင်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် သက်ရှိ ထင်ရှား ရှိနေကြောင်း သက်သေပြနိုင်ဖို့ မိသားစုဝင် ဒါမှမဟုတ် သူ့ရဲ့ ရှေ့နေတွေနဲ့ တွေ့ဆုံစေပြီး အတည်ပြု ပေးဖို့ တောင်းဆိုတာတွေလည်း ရှိနေပါတယ်။ မအေးသူစံက ပြောပြမှာပါ။