ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ချို့တဲ့ပေမဲ့ တက္ကသိုလ်ဝင်တန်း ထူးချွန်စွာ အောင်မြင်သူများ
ချို့တဲ့ပေမဲ့ တက္ကသိုလ်ဝင်တန်း ထူးချွန်စွာ အောင်မြင်သူများ
ရေးသားခဲ့သည်။
အခုနှစ်အတွက် တက္ကသိုလ်ဝင်စားမေးပွဲကို တစ်နိုင်ငံလုံးက ကျောင်းသား၊ ကျောင်းသူ နှစ်သိန်းခွဲကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၃၀,၀၀၀ ကျော် အောင်မြင်ခဲ့ပါတယ်။ အဲဒီအထဲမှာ ချို့ချို့တဲ့တဲ့နဲ့ကျောင်းတက်ခဲ့ရတဲ့အပြင် ပဋိပက္ခအခြေအနေတွေနဲ့ အနီးအနားမှာ တိုက်ပွဲတွေရှိနေခဲ့တဲ့ကြားက ဂုဏ်ထူးတွေနဲ့ထူးထူးချွန်ချွန်အောင်မြင်ခဲ့သူတွေလည်း ပါဝင်သလို မိဘစားဝတ်နေရေး ကျပ်တည်းတဲ့ကြားကပဲ တစ်နိုင်ငံလုံး ပထမရတဲ့အထိ ထူးချွန်ခဲ့သူတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒီလို အခက်အခဲတွေကြားကနေ ပညာရေးမှာထူးချွန်အောင် သူတို့တွေ ဘယ်လို ကြိုးစားခဲ့ရ ပါသလဲ။ ဒီအကြောင်း မသူဇာလင်းက ပြောပြမှာပါ။