စုံ-မ ရက်သတ်မှတ်ချက် ဖျက်သိမ်းဖို့ တောင်းဆိုမှုတွေ ရှိ
စုံ-မ ရက်သတ်မှတ်ချက် ဖျက်သိမ်းဖို့ တောင်းဆိုမှုတွေ ရှိ
အရှေ့အလယ်ပိုင်းက အီရန်စစ်ပွဲကြောင့်ဖြစ်လာတဲ့ လောင်စာဆီအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ မြန်မာနိုင်ငံမှာ ကားတွေ နဲ့ ဆိုင်ကယ်တွေကို စုံ မ ရက်သတ်မှတ်ပြီး မောင်းနှင်ဖို့ အာဏာပိုင်တွေက သတ်မှတ်ခဲ့ပါတယ်။ အဲဒီ သတ်မှတ်ချက်ဟာ အခုဆိုရင် နှစ်လနီးပါး ရှိလာပါပြီ။ တချို့က ဒီစနှစ် မရှိသင့်တော့ကြောင်းနဲ့ ဒီစနစ်ကြောင့် ကုန်ကျစရိတ်တွေ ပိုတိုးတာတာပဲ ရှိကြောင်း ထောက်ပြ ပြောဆိုကြပါတယ်။ ကိုမောင်က ပြောပြမှာပါ။



