ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်, BIMSTEC အဖွဲ့ရဲ့ လာမယ့်နှစ် အတွင်းရေးမှူးချုပ်နေရာမှာ မြန်မာနိုင်ငံက တာဝန်ယူရဖို့ရှိ

- ဥရောပဒေသ အနောက်ပိုင်းမှာ စံချိန်ချိုးရလောက်အောင် အပူလှိုင်းဒဏ် မြင့်တက်နေ - BIMSTEC အဖွဲ့ရဲ့ လာမယ့်နှစ် အတွင်းရေးမှူးချုပ်နေရာမှာ မြန်မာနိုင်ငံက တာဝန်ယူရဖို့ရှိ - ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ပဋိပက္ခ - မြန်မာနိုင်ငံဟာ မက်သာဖက်တမင်း စိတ်ကြွဆေး ထုတ်လုပ်တဲ့ အကြီးဆုံးနိုင်ငံ ဖြစ်လာတယ်လို့ UNODC ထုတ်ပြန် - ဘရပ်ဆဲလ်စ်မြို့ ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ အီးယူ ဥရောပသမဂ္ဂ အစည်းအဝေးကို တာလီဘန်ကိုယ်စားလှယ်တွေကို တက်ခွင့်ပြု - ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က ဝင်တိုက်ပေးခဲ့တဲ့ မြောက်ကိုရီးယား စစ်သုံ့ပန်းတွေကို လက်ခံမယ်လို့ တောင်ကိုရီးယားအစိုးရက ကမ်းလှမ်း